
နောက်ထပ် ဖြစ်လာမယ့် မျိုးဆက်သစ်တွေကို အခုလို အဖြစ် ခံနိုင်ဘူး။ အနုပညာ သမား တစ်ယောက်ရဲ့ တာဝန် ဖြစ်တဲ့ အတွက် နောင်တစ်ချိန်မှာ
ဖြစ်လာမယ့် အနာဂတ်ရဲ့ ရုပ်ရှင် မျိုးဆက်တွေကို နိုင်ငံတကာမှာ ရိုက်တဲ့ စတူဒီယို ပုံစံမျိုးတွေနဲ့ ရိုက်ကူး ခွင့်မျိုးကို ရသွားစေချင်တယ်”ဟု နေတိုးက
ပြောပြသည်။
စတူဒီယို ပိုင်းတွေကို ကိုယ်တိုင် လေ့လာ ဖြစ်နေသလို၊ ကိုယ်တိုင် အနုပညာ လုပ်၍ ရရှိသည်။ ငွေကြေးကို အနုပညာ လောကထဲမှာပဲ ပြန်ပြီး ရင်းနှီးဖြစ်ပုံ ကို “ဥမာအားဖြင့် ရှင်းရှင်း ပြောရရင် ဘုရားဟောလည်းရှိခဲ့ပါတယ်။ ပရဟိတ ဆိုတာကို လူတိုင်းသိတယ်။ အများအကျိုးအတွက် ဆောင်ရွက်တဲ့ အရာပေါ့။ အဓိက လူတစ်ယောက်က ပရဟိတ စိတ်ဓာတ်ကို မွေးမြူရမယ် ပြီးမှ အတ္တဟိတပေါ့။ အရှင်းဆုံး ပြောရရင် မိမိကိုယ်ကိုယ်ကောင်း အောင်အရင် လုပ်ရမှာပေါ့။ လူတစ်ယောက် က ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်ပြီးမှ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကို ကျန်တဲ့ သူက အတုယူ လုပ်ဆောင် နိုင်မှာ ဖြစ် တယ်။ ကိုယ့် လုပ်ဆောင်မှု တွေ ကောင်းနေမှ တခြားလူကို ဆင့်ပွား လို့ရမယ်။ အဲဒီတော့ ပထမဦး ဆုံးက အတ္တဟိတ လုပ်ရမယ်။ အတ္တ ဟိတ လုပ်ပြီးတဲ့အခါကျတော့မှ ပရဟိတကိုသွားရမယ်။ အတ္တဟိတ မလုပ်နိုင်ဘဲနဲ့ ပရဟိတ လုပ်လို့မရဘူး။ ကျွန်တော်တို့ဆီမှာ မှားနေတာက ဥပမာအားဖြင့် ကိုယ်တွေက ဒီအချိန် အခါမျိုးမှာ ပရဟိတကို လုပ်တာမှန်တယ်။ ဒါပေမဲ့
လည်း အတ္တဟိတကို အရင်လုပ်ရမယ်ဆိုတဲ့ အတွေးတစ်ခုကို အရင် သိထားဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒီမိုကရေစီ ခေတ်ကို
ရောက်တဲ့ အခါမျိုးမှာ လူတစ်ယောက်ချင်းက ကောင်းနိုင်အောင် လုပ်ထားမှ တစ်နိုင်ငံလုံးကို မြှင့်တင်လို့ရမှာ။ အဲဒီ အတွက်ကြောင့် စဉ်းစားတဲ့ အခါမျိုး မှာ လူငယ်တွေကို မလွဲစေချင်ဘူး။ တစ်ခုခုက ကိုယ်ကျိုးစွန့် အနစ်နာခံ တဲ့ဟာမျိုးက ကောင်းတဲ့စိတ်၊ မွန်မြတ် တဲ့ စိတ်ထားဖြစ်တာတော့ မှန်ပါတယ်။ လောက တစ်ခုအောင် မြင်ဖို့အတွက် အတ္တဟိတ ဆိုတာ ကတော့လိုကိုလိုအပ်တယ်။ ရုပ်ရှင်တစ်ခုနဲ့ ချိန် စဉ်းစား မယ်ဆိုရင် လည်း ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်မယ်။ ပြီးရင် ကိုယ်နဲ့ ဆက်နွယ်နေတဲ့ ဒါရိုက်တာတွေ၊ ကင်မရာမင်းန်တွေ၊ စက်အဖွဲ့တွေ သူတို့တွေ ကိုကောင်းတဲ့ အလုပ် အကျွေး ပြုနိုင်တဲ့ အရာမျိုးတွေကို မျှဝေမယ်။ ပြီးရင် မိမိ ရုပ်ရှင်ကိုကောင်းအောင် လုပ်မယ်။ နောက်တစ်ခုက မိမိနိုင်ငံ ကို ရုပ်ရှင် နဲ့ထိုးဖောက် ပြီးတော့ ကိုယ့် နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေ ကို ပြမယ်။ အဲဒီတော့ ပရဟိတ ချည်းပဲလုပ်နေရင်ဒါကြီးမဖြစ်လာ နိုင်ဘူး။ အတ္တိဟိတလုပ်တဲ့အခါကျမှ ကျွန်တော်တို့ ရုပ်ရှင် လောကကြီးလည်း ကြီးကျယ်လာမယ်။ အနုပညာကို မိသားစု တစ်ခုလို့ သတ်မှတ် ထားတယ် ဆိုရင် ဒီမိသားစုထဲမှာ ရှိတဲ့ မင်းသား၊ မင်းသမီးတွေရဲ့ လုပ်ဆောင်ချက်တွေ နိုင်ငံတကာ ထိပြလာနိုင်မယ့် ဖန်တီးနိုင်တဲ့ အနေအထားမျိုး ရှိတဲ့အခါကျမှ အင်အား တစ်ခု စုစည်းမှု ရှိလာတဲ့ အခါမှာ ရုပ်ရှင်ကို ထိုး ဖောက်လာ နိုင်မယ်လို့ မြင်နေတယ်။ အစည်းအရုံး နဲ့ ပတ်သက် ပြီးတော့ရော၊ ရုပ်ရှင်လောက တစ်ခုလုံး အတွက်နဲ့ ပတ်သက် ပြီးတော့ရောပေါ့” လို့ နေတိုးက အတ္တဟိတ ပရဟိတ အကြောင်းကို ဆက်နွှယ်ပြီး ရှင်းလင်းပြော ကြားခဲ့သည်။
popular journal
No comments:
Post a Comment