ဧဒင်အချစ်ပုံပြင်: TNLA လက်နက်ကိုင် အဖွဲ့က အပြစ်မဲ့ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်

Tuesday 5 March 2013

TNLA လက်နက်ကိုင် အဖွဲ့က အပြစ်မဲ့ပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်

နမ့်ဆန်မြို့နယ် မန်လုံကျေးရွာ အုပ်စု တာလတ်ရွာ၌ နေထိုင်သော ဦးမောင်စိန်နှင့် စိုင်းမြင့်အောင် တို့အား ဖေဖော်ဝါရီ ၂၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် TNLA လက်နက်ကိုင် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး မတ် ၁ ရက်က တာလတ်ရွာ၏ မြောက်ဘက်၌ ဦးမောင်စိန်နှင့် စိုင်းမြင့်အောင် တို့အား လက်နောက် ပြန်ကြိုးတုပ်လျက် လက်နက်ငယ် များဖြင့် ပစ်ခတ် သတ်ဖြတ် ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နေရာအား နယ်မြေခံ တပ်မတော် စစ်ကြောင်းနှင့် မြို့နယ်ရဲ တပ်ဖွဲ့တို့က သွားရောက် ရှင်းလင်း ဆောင်ရွက်ရာ ဦးမောင်စိန်မှာ မျက်နှာ၊ ဝမ်းဗိုက်နှင့် ဒူးခေါင်းတို့တွင် လက်နက်ငယ် ဒဏ်ရာ များဖြင့် လည်းကောင်း၊ စိုင်းမြင့်အောင်မှာ လည်ကုပ်၊ ဝဲပခုံးတို့တွင် လက်နက်ငယ် ဒဏ်ရာများဖြင့် လည်းကောင်း လက်ပြန် ကြိုးတုပ်လျက် သေဆုံးနေပြီး အလောင်းများ၏ နံဘေး၌ အမ်(၂၂) ကျည်ခွံ လေးခွံတို့အား စစ်ဆေး တွေ့ရှိ ရသည်။
၎င်းဖြစ်စဉ်အား နမ့်ဆန်မြို့နယ် ရဲစခန်းမှ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...