ဧဒင်အချစ်ပုံပြင်: မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ

Saturday 27 April 2013

မဟာမြိုင်ရပ်ကွက် လမ်းကြားတစ်ခုမှာ လည်ပင်းပြတ်လုဒဏ်ရာနဲ့ လူသေအလောင်း တစ်လောင်းတွေ့ရှိ

မန္တလေးမြို့၊ ဧပြီ (၂၇)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်ရှိ ကိုးဖူးရှင်ဘုရားနှင့် ဗန်းမော်တိုက်အတွင်းရှိ လမ်းကြားပေါ်မှာ ဦးခေါင်းပိုင်း လည်ပင်းပြတ်လုနီးပါး ဒဏ်ရာဖြင့် လူသေလောင်းတစ်လောင်းကို ဧပြီ (၂၇)ရက်၊ မနက်(၇)နာရီခန့်မှာ ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများက စတင်တွေ့ရှိခဲ့ကြပါတယ်။

သေဆုံးသူမှာ မဟာမြိုင်(၁)ရပ်ကွက် အပိုင်း-၅(က)မှာ နေထိုင်သူ ကိုဝင်းသိန်း(ဘ)ဦးနီ အသက်(၃၈)နှစ် ဖြစ်ကြောင်း သိရှိရပါတယ်။

 လက်ရှိ ဖိနပ်ချုပ် အလုပ်သမားတစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်ခဲ့ဖူးသူ ဖြစ်ကြောင်း နှင့် အရက်ဖြတ်ထားသည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ကြောင်း ယခုသေဆုံးချိန်အထိ အသောက်အစားကင်းကာ ဘာသာရေးကို ဦးစားပေးလုပ်ကိုင်နေပြီး မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ အမှတ်(၉)ရဲစခန်းမှ လာရောက် စစ်ဆေးပြီး သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး သေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။

မဟာမြိုင် နာရေးကူညီမှုအသင်းက သေဆုံးသူကိုဝင်းသိန်း အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Credit to:အောင်ကျော်မိုး
from.thithtoolwin



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...