ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာတွေ မှာသာမက အလှူဒါနပြုလုပ်တဲ့ နေရာမှာလည်း အမြဲတွေ့ရတတ်တဲ့
သရုပ်ဆောင် ၀တ်မှုံရွှေရည်နဲ့တွေ့ဆုံ ခိုက်မှာ အလှူ လှူဖြစ်ခဲ့ပုံကိုမေး
ကြည့်ရာ ``အလှူတစ်ခုဆိုတာက စိတ်ပါပဲ။ သဒ္ဓါတရားပေါ့။ တစ် ကျပ်ပဲဖြစ်ဖြစ်၊
တစ်ရာပဲဖြစ်ဖြစ်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လေးဆို ရင်တောင် စိတ်ကို
စေတနာဖြူဖြူ စင်စင်လေးနဲ့ထားရင် ဘယ်အရာ မဆို ကုသိုလ်ပါပဲ။ အဓိကကတော့
စိတ်ပါပဲ။ လှူတဲ့အခါစိတ်ကို ကြည် ကြည်လင်လင်လေးထားရင် ကုသိုလ်ရပါတယ်။
Channel တွေ ကလည်း များလာပြီ၊ ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ဖို့
ကစ်ကိုငှားရင် ရိုက်ဖြစ်မှာလားဆိုတော့ ကစ်ကို ကမ်းလှမ်းလာရင်တော့
ရိုက်ဖြစ်မှာ ပါ။ စိတ်ဝင်စားပါတယ်။ အသစ် တစ်ယောက်အတွက်ဆိုရင်လည်း ပိုပြီး
အကျိုးသက်ရောက်မယ်လို့ ထင်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲ Channel တွေကိုကြည့်တဲ့
ပရိ သတ်တွေလည်းရှိတယ်။ အဲဒီတော့ အသစ်တစ်ယောက်အနေနဲ့ သေ သေချာချာလုပ်မယ်ဆို
အကျိုးတစ် ခုတော့ ရှိမှာပါ။ အခုအချိန်မှာ ကစ်လက်ခံထားတဲ့ မေတ္တာတရား ဆိုတာက
မေတ္တာတရားက အေး မြမယ်လို့ထင်တယ်။ မေတ္တာထား တာက ကောင်းပါတယ်။ အချစ်ကျ တော့
အတ္တတွေပါမယ်လို့ ကစ်ထင် တယ်။ မေတ္တာကျတော့ ဘာမှ လည်း ရယူလိုမှုမရှိဘူး။
ဘာမျှော် လင့်ချက်မှ မရှိဘူး။ လူတိုင်းကို မေတ္တာထားတာ အေးချမ်းမယ်ထင်
ပါတယ်။ သမီးရည်းစားအချစ်မှာ လည်း ချစ်တာထက် မေတ္တာထား တာ အေးချမ်းမယ်လို့
ကစ်ထင် တယ်။ ကစ်က အချစ်ကံကောင်း တဲ့သူလားဆိုတော့ ကစ်က အချစ်
ကံမကောင်းဘူးလို့ထင်တာပဲ။ ကံ ကောင်းတဲ့အထဲမှာ မပါဘူး´´။
8 DAYS
8 DAYS
No comments:
Post a Comment