မန်ယူကစားသမားဟောင်းများ ပါဝင်ကစားကြမည့် ရန်ပုံငွေပွဲ ၀င်ကြေးကို ပုံမှန်နှုန်းအတိုင်းသာရှိမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ယနေ့ ညနေ ၄နာရီခွဲတွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။
“ကျပ် ၁၀၀၀၊ ၅၀၀ နှုန်းတွေနဲ့ပဲ ၀င်ကြေးကို သတ်မှတ်သွားမှာပါ”ဟု ၎င်းကပြောသည်။
ရန်ပုံငွေ ဘောလုံးပွဲတွင် မန်ယူကစားသမား ၄ ဦးနှင့် မြန်မာ့လက်ရွေးစင်
စီနီယာကစားသမားများ၊ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ
ပါဝင်ကစားကြမည် ဖြစ်သည်။
မန်ယူကစားသမားဟောင်းများဖြစ်သော
အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ ကလေတန် ဘလက်မိုး နှင့် လီရှပ်တို့ ပါဝင်သော
ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီ၌ သုဝဏ္ဏအားကစားကွင်းတွင်
ကျင်းပမည် ဖြစ်ပြီး မန်ယူကစားသမားများမှာ အသင်း ၂ ဖက်စလုံးတွင်
ပါဝင်ကစားကြ မည် ဖြစ်ကြောင်း သိရသည်။
ထိုပွဲမှ ရရှိသည့်
ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ HIV ရောဂါ ကုသရေး အတွက်
ဆောင်ရွက်နေသော နေရာများကို လှူဒါန်းသွားမည်ဟု အဆိုပါ
စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
AZ
No comments:
Post a Comment