ဧဒင်အချစ်ပုံပြင်: ရဲတပ်ဖွဲ့ ၀င်အယော င်ဆောင်သူ အား ဖမ်းဆီး အရေးယူ

Tuesday 2 April 2013

ရဲတပ်ဖွဲ့ ၀င်အယော င်ဆောင်သူ အား ဖမ်းဆီး အရေးယူ

             ၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ် ခေါင်ရည်ဆိုင်တွင် ရဲတပ်ကြပ် အဆင့်ယူနီဖောင်းဝတ်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးရောက် ရှိနေကြောင်းသတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ အဆိုပါလူသည် အမှတ်(၂)ရပ်ကွက် လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ်””ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင် တွင် ခေါင်ရည်သောက်ပြီးပြန်ထွက်သွားကြောင်းသိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။ထိုသို့ရှာဖွေခဲ့ရာအဆိုပါမသင်္ကာ ဖွယ်လူအား မြို့သစ် (၂)ရပ်ကွက်လမ်းပေါ်တွင် တွေ့ရှိရသဖြင့်စစ်မေးရာ မတ္တရာမြို့၊ မြို့သစ်(၁)ရပ်ကွက်နေအောင် ကျော်မိုး (ခ)မိုးမိုး(၃၂)နှစ်ဖြစ်ပြီး ၎င်းင်းဝတ်ဆင်လာသောယူနီဖောင်းမှာ ဦးလေးဖြစ်သူ၏ ယူနီဖောင်းအား ခိုးယူဝတ် ဆင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်အာင်ကျော်မိုး(ခ)မိုးမိုးအား မတ္တရာရဲစခန်း (ပ)၁၁၃/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Myawady News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...