ဧဒင်အချစ်ပုံပြင်: ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ

Friday 31 May 2013

ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလ ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်း ခိုးယူခံ ရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီ အကြာတွင် ပြန်လည် ဖမ်းဆီး ရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။ လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ် ဖူးသည့် အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်း ထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှ တွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကို ဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူ သွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်း စစ်ချက်များ အရ သိရသည်။ ဆိုင်ရှင် လာရောက် တိုင်ကြားသည်မှာ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ဖြစ်ပြီး ငွေထုပ် သယ်ယူ သွားသူကို ပုသိမ်-ငပုတော-စဥ့်ကူးကြီးသွား ရေယာဉ် ပေါ်တွင် ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီး ရမိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ရန်နိုင်လတ် က ပြောကြားသည်။ သင်္ဘော ပေါ်တွင် ဖမ်းမိစဉ် လပြည့် (ခ) ပါစီကွေး ထံတွင် ပီနံအိတ်ဖြင့် ထည့်ထား သော ကျပ် ၂၅၈ သိန်းနှင့် ၎င်း၏ဇနီးထံမှ ကျပ်တစ်သိန်း ရှစ်သောင်း ပြန်လည်သိမ်း ဆည်းရမိသည့် အတွက် လပြည့်(ခ) ပါစီကွေး ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဇနီးဖြစ် သူကိုလည်း ပူးပေါင်းကြံစည် မှုဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်း သိရှိရသည်။
ယင်းအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်သည့် အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆုငွေ ကျပ်ငါးသိန်းနှင့် ရဲတပ်ဖွဲ့စခန်းတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာတစ်စုံ လှူဒါန်းခဲ့ကြောင်း နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင် လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောကြားသည်။ တန်ဖိုးကြီးအမှုများ ပေါ်ပေါက်သည့် အတွက် ဝမ်းသာသော်လည်း ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုမျိုး ကဲ့သို့ အမှုများကိုလည်း ပေါ်ပေါက်ရန် ဆောင်ရွက်စေ လိုကြောင်း ဆိုင်ကယ် ပျောက်ဆုံး၍ အမှတ်(၁)ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသူ အမှတ်(၅)ရပ်ကွက်မှ ဦးမျိုးမြင့် က အကြံပြုသည်။
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...