ဧဒင်အချစ်ပုံပြင်: မြန်မာနယ်စပ်က မလေးရှား ခိုးသွား အဖမ်းခံရ လှေစီးသမားများကို ဘင်္ဂလာဒေခ်ျ့ ပြန်ခေါ်

Monday 20 May 2013

မြန်မာနယ်စပ်က မလေးရှား ခိုးသွား အဖမ်းခံရ လှေစီးသမားများကို ဘင်္ဂလာဒေခ်ျ့ ပြန်ခေါ်

Photo: မြန်မာနယ်စပ်က မလေးရှား ခိုးသွား အဖမ်းခံရ လှေစီးသမားများကို ဘင်္ဂလာဒေခ်ျ့ ပြန်ခေါ်

မေလ ၂၀ ရက် ၂၀၁၃ 

မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စက်လှေနဲ့ ခိုးထွက်သွားပြီး သီရိလင်္ကာမှာ ဖမ်းဆီးခံထားရတဲ့ သူ့နိုင်ငံသား (၆၁) ဦးကို ဘင်္ဂလာဒေခ်ျ့အစိုးရက မေလ ၁၉ ရက်နေ့က ပြန်လည် ခေါ်ယူလာပါတယ်။သူတို့ကို သီရိလင်္ကာ ကိုလံဘိုမြို့ကနေ လေယာဉ်နဲ့ ဒက္ကားမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခေါ်ဆောင်လာတာ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီ အချိန်မှာ ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

သူတို့တွေဟာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ( မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်) ဘင်္ဂလာဒေခ်ျ့ နယ်မြေ တက်ကနက် ကမ်းခြေကနေ မလေးရှားနိုင်ငံကို အလုပ်သွား လုပ်ဖို့ စက်လှေနဲ့ ခိုးသွားစဉ်မှာ စက်ပျက်ပြီး သီရိလင်္ကာကို ရောက်ရှိသွားတဲ့ အတွက် သီရိလင်္ကာာရေတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ သီရိလင်္ကာမှာ လေးလကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံ အစိုးရတွေ အကြား ဆွေးနွေးပြီးနောက် ခုလို ပြန်ခေါ်ယူလာတာ ဖြစ်ပါတယ်။ 

မလေးရှားကို တက်ကနက် ပင်လယ်ကမ်းခြေကနေ မလေးရှားကို အလုပ်သွားလုပ်ဖို့ စက်လှေနဲ့ ခိုးထွက်သူ အရေအတွက်ဟာ စုစုပေါင်း ၁၃၉ ဦး ဖြစ်ပြီးသူတို့အထဲက Yunus Rasel ဆိုသူကတော့ သီရိလင်္ကာ ရေတပ်က ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ သူတို့ စက်လှေကို စီးနှင်းစဉ် မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တွေကို သိရိလင်္ကာက Basaa Galle နဲ့ Mirihana ထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ သံရုံး ၀န်ထမ်း (၂) ဦးက လာရောက်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ 

စစ်ဆေးစဉ်မှာ အဲဒီအထဲက ၆၁ ဦးဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဖြစ်တယ်ဆိုတာ အထောက်အထားတွေနဲ့ စိစစ်နိုင်ခဲ့ အတွက် ခုလို လေယာဉ်နဲ့ ပြန်ခေါ်ယူလာတာ ဖြစ်ပါတယ်။ ကျန်နေခဲ့တဲ့ ၇၇ ဦးကတော့ မြန်မာနိုင်ငံဘက်က မူဆလင်တွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ကျန်နေခဲ့တဲ့ ၇၇ ဦးကို မြန်မာက ပြန်ခေါ်မလား။ သူတို့ရဲ့ အနာဂတ် အရေး ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကတော့ တိတိကျကျ မသိရှိရသေးဘူးလို့ သတင်းတွေ ရရှိပါတယ်။

Narinjara

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...