ဧဒင်အချစ်ပုံပြင်: ဖိလစ်ပိုင်နိုင်ငံသားလေး သီဆိုထားတဲ့ မြန်မာနိုင်ငံတော်သီချင်း

Wednesday 22 May 2013

ဖိလစ်ပိုင်နိုင်ငံသားလေး သီဆိုထားတဲ့ မြန်မာနိုင်ငံတော်သီချင်း

သီချင်းလေးကိုနားဆင်ပြီးပြီဆိုရင် ကျွန်တော်ရဲ့ ဝေဖန်တွေးခေါ်ချက်လေးတွေ
ခဏလောက်ဖတ်ကြည့်ပေးပါလား .. အချိန်ရရင်ပေါ့ဗျာ။
အကြိုးရှိမယ်လို့တော့ ထင်ပါတယ် ..


ဒီလို အခြားနိုင်ငံသားတစ်ဦးက ကျွန်တော်တို့နိုင်ငံတော်သီချင်းကို သီဆိုနေတာကို
ကျွန်တော် ကြားရတော့ ကျွန်တော် ဂုဏ်ယူဝမ်းသာမိပါတယ်ဗျာ ..
သူဟာ မြန်မာနိုင်ငံတော်သီချင်းမှမဟုတ်ပါဘူး
နိုင်ငံပေါင်းစုံရဲ့ နိုင်ငံတော်သီချင်းကို စိတ်ပါဝင်စားစွာ
သီဆိုနေသူဖြစ်တယ် ဗျ ..။

အခုကျွန်တော်ပြောနေတဲ့စကားတွေက အဓိကမကျသေးဘူးဗျာ့
ဆက်ဖတ်ပေးသွားပါအုံး ဗျာ ...

ကျွန်တော်သီချင်းလေးကိုအုံးထိနားထောင်ကြည့်တဲ့အခါမှာတော့
ကျွန်တော့်အတွေးလေးကြောင့် ကျွန်တော် မျက်ရည်ဝဲမိတယ် ဗျာ့
ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒီလို နိုင်ငံခြားသားတစ်ဦးက
မြန်မာနိုင်ငံသီချင်းကို ပီသစွာမဆိုနိုင်ပေမယ့်
စိတ်ပါဝင်းစားစွာ ကြိုးစားသီဆိုနေလို့လေ ဗျာ ။

သီချင်းနားထောင်ရင်း အတွေးတစ်ခုဝင်လာတယ် ဗျ။
ကျွန်တော်သက်ပျင်းချလိုက်တယ်ဗျာ .... ဟမ်းးးးးးးးး။

ကျွန်တော်တို့နိုင်ငံသားတွေက အခြေခံပညာအထက်တန်းကျောင်းဆင်းပြီဆိုတာနဲ့
နိုင်ငံတော်သီချင်းကို မဆိုဖြစ်ကြတော့ဘူးလေ ဗျာ
တပ်မတော်သား(အစိုးရ၀န်ထမ်း) ကလွဲ၍ပေါ့ဗျာ

ဒါပေမယ့် ကျွန်တော်တို့အပြင်လူတွေလည်း ရုပ်ရှင်ရုံမှာတော့ သံစဉ်လေးကြားလို့
မှတ်တပ်ရပ်ကြတာပဲမဟုတ်လား ဆိုချင်မှဆိုဖြစ်တော့မှာလေ ဗျာ။
တိုးတိုးလေးနဲ့စိတ်ထဲကနေ ဆိုလိုက်ပါဗျာ ။။

ဟုတ်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံတော်သီချင်းမဆိုဖြစ်တာ ကြာပါပြီ ဗျာ
ဒီ ကလေးဆိုမှပဲ ကျွန်တော် ပြန်လိုက်ဆိုကြည့်နေရတာကို ဗျ။

အင်း ... ဒါနဲ့ ကျွန်တော်တို့နိုင်ငံက အင်္ဂလိပ်ဘာသာရပ်ကိုအရမ်းအထင်ကြီးကြတယ်ဗျာ့
နိုင်ငံခြား စံချိန်မှီ တိုးတက်ပြောင်းလဲလာချင်ကြ တယ်လေ ဗျာ။
ကျွန်တော်ကိုယ်တိုင်ကတော့ နိုင်ငံခြားက အတွေးအခေါ်တွေကို အရမ်းနှစ်သက်သဘောကျတယ် ...။
ဒါပေမယ့် မြန်မာနိုင်ငံနှင့် မသင့်လျှော်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ အချို့အကျင့်စရိုက်တွေကိုတော့ သဘောမကျဘူး ဗျာ ...။

ဒီလိုပဲ ကျွန်တော်တို့နိုင်ငံသားတွေက နိုင်ငံခြားသို့ပြောင်းရွေ့သွားကြတာများတယ်
နိုင်ငံခြားမှာလည်း နိုင်ငံတော်သီချင်းကို ဆိုချင်ကြမှာပဲလေ ဗျာ

ဒါနဲ့ပဲ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံထဲကို ၀င်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသားဦးရေ
ပိုမိုများပြားလာပြီ ဗျာ့ ...

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နောင်တစ်ချိန် မြန်မာလူမျိုးတွေ ကျန်အုံးမလားလို့ တွေးမိပြီး
ကျွန်တော်စိတ်မကောင်းဖြစ်မိတာပါ ဗျာ..။ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံမှာပဲနေထိုင်စေချင်တယ် ဗျာ ။
နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာ နေရာယူလာတော့ ကျွန်တော်တို့နိုင်ငံသားတွေအတွက် နေရာမဲ့တော့မယ် ဗျာ့။
အခုလို နိုင်ငံတော်သီချင်းဆို ဘယ်သူမှဆိုတတ်ကြတော့မယ် မထင်ပါဘူး ဗျာ ...။ အဲ့လိုအတွေးစိတ်တွေနဲ့
ကျွန်တော် မျက်ရည်ဝဲလာခဲ့တာပါ...။

သီချင်းအဆုံးမှာ ကျွန်တော် မျက်လုံးကိုစုံမိတ်လိုက်တယ် မျက်ရည်တွေကျလာခဲ့တော့တယ် ဗျာ။ ၀မ်းနည်းမဆုံးဖြစ်ရတယ် ...ဗျ။
အခုလိုအချိန်မှာ တော့ အချိန်မှီပါသေးတယ် ဗျာ...။ ကျွန်တော်တို့ တတွေအားလုံး နိုင်ငံတော်ကြီးကိုအလေးထားမြတ်နိုးကြရင်
မကောင်းဘူးလားဗျ ...။ အချို့ကျွန်တော့်သူငယ်ချင်းတွေ အခြားနိုင်ငံသားခံယူကြကုန်ပြီ ဗျ ...။
ကျွန်တော်ဝမ်းနည်းမိပြန်တယ် ဗျာ ...။

အဲ့ဒီလို တစ်ခြားနိုင်ငံတွေကို အားကျနေမယ်ဆိုရင် မြန်မာနိုင်ငံဆိုတာကြီးက အခြားနိုင်ငံသားတွေနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံ
အဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်တော်အတွေးတွေဝင်လာတယ် ဗျာ ...။
နိုင်ငံတော်သီချင်းကို ဒီလို မပီသတဲ့အသံတွေနဲ့ နောင်တစ်ချိန်ဖြစ်သွားမှာစိုးတယ် ဗျာ့။

အိမ်ခြံတွေရောင်းပြီး နိုင်ငံခြားသို့ပြောင်းရွေ့နေထိုင်ချင်နေကြပါ ဗျာ
ဒါပေမယ့် ကိုယ်ရောင်းလိုက်တဲ့အိမ်လေးက မြန်မာနိုင်ငံလူမျိုးဖြစ်ပါစေ ...။
မြို့ထဲမှာ အနေဆင်းရဲလို့ အိမ်ရောင်းမယ်ဆိုရင်လည်း
ဈေးကောင်းပေးတဲ့ နိုင်ငံခြားသားကိုတော့ မရောင်းစေချင်ဘူးဗျာ ...။
ဆင်းရဲသားတွေ မြို့စွန်ရောက်ကုန်ကြတာပဲမဟုတ်လား ဗျာ့ ...။

မြန်မာနိုင်ငံမှာပဲ ပညာတတ်တွေလူတော်တွေ လူချမ်းသာတွေ အားလုံးစုပေါင်းနေထိုင်ကြမယ်ဆိုရင် ....
ကျွန်တော်တို့ နိုင်ငံကြီးတိုးတက်ပြောင်းလဲလာမှာဖြစ်တယ်လို့ ကျွန်တော်ထင်တယ် ဗျာ့ ..။

မြန်မာနိုင်ငံတော်သီချင်းကို နေ့တိုင်းမဆိုဖြစ်ရင်တောင်
တစ်ပတ်တစ်ကြိမ် ဆိုကြည့်ကြပါအုံးဗျာ ...

ကယ်ဗျာ ... ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံတော်သီချင်းကို အစဉ်မပျက် ပီပီပြင်ပြင်သီဆိုနိုင်ကြပါစေဗျာ ..။
မြန်မာနိုင်ငံကိုချစ်မြတ်နိုးလျှင် မြန်မာနိုင်ငံမှာပဲ အခြေချနေထိုင်စေချင်ပါတယ် ...။

ဆောရီးဗျာ ကျွန်တော်စကားများသွားပြီ စာကိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ..။

မြန်မာနိုင်ငံကိုချစ်မြတ်နိုးသောစိတ်ဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ ....။

တွေးခေါ်ရေးသားသူ/ POEM SNPZ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...