ဧဒင်အချစ်ပုံပြင်: မြန်မာ့ရုပ်ရှင်လောက၏ ဟောလီးဝုဒ် (သို့မဟုတ်) ပြင်ဦးလွင်မြို့

Monday 20 May 2013

မြန်မာ့ရုပ်ရှင်လောက၏ ဟောလီးဝုဒ် (သို့မဟုတ်) ပြင်ဦးလွင်မြို့

Photo: မြန်မာ့ရုပ်ရှင်လောက၏ ဟောလီးဝုဒ် (သို့မဟုတ်) ပြင်ဦးလွင်မြို့

ရာသီဥတုအေးချမ်းတဲ့ ပြင်ဦးလွင်မြို့ကို တော့ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့တွေဟာ ပူအိုက်တဲ့နွေအပူဒဏ်ကိုရှောင်ရင်း ရုပ်ရှင်တွေ လာရောက်ရို က်ကူး လေ့ရှိပါတယ်။ ဒါ့အပြင် ဆောင်းတွင်းမှာ လည်း လာရောက်ရိုက်ကူးလေ့ရှိပြီး မိုး တွင်းမှသာရိုက်ကူးရေးအဖွဲ့တွေမရှိ တာပါ။ရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ တွေရှိ နေတာကြောင့် ပြင်ဦးလွင်မြို့ကတော့ မြန်မာနိုင်ငံရဲ့ ဟောလီးဝုဒ် မြို့လေးလို့ ပြောရမှာပါ။ အဲဒီမြို့လေးရဲ့ ထူးခြားချက် ကတော့ ရုပ်ရှင်ရိုက်ကွင်းတည်နေတာ တွေ့လည်း သိပ်ပြီး ရပ်ကြည့်နေကြ တာမရှိဘဲ သူ့အလုပ်သူလုပ်ပြီးသွားလာနေကြတာ တွေ့ရပါတယ်။ အဲဒါကြောင့် လူအများဝိုင်းအုံ ရပ်ကြည့်နေရင် ရိုက်ကူးရေး ပိုင်းမှာ အချိန်ကြန့်ကြာပြီး အခက်အခဲ ရှိတတ်ပေမယ့် ပြင်ဦးလွင်မြို့မှာတော့ အဲဒီ အခက်အခဲတွေ မရှိဘဲ ရိုက် ကူးနိုင်တယ်လို့ ဒါရိုက်တာ တွေ က ပြောပါတယ်။ သရုပ် ဆောင်တွေအနေနဲ့လည်း ရာသီဥတု ပူအိုက်တဲ့အခါမှာ အိုက်တင်လုပ်ရတာ၊ မုဒ်သွင်း ရတာသူတို့အတွက် အခက် အခဲရှိတယ်လို့ပြောပြီး ပြင်ဦး လွင်မှာ လာရောက်ရိုက်ကူး တဲ့အခါမှာတော့ ရာသီဥတု က အေးချမ်းတာကြောင့် ရာ သီဥတုက သူတို့ရဲ့ ဇာတ် ကောင်စရိုက်ကိုပိုပြီးအထောက် အကူပြုတယ်လို့ဆိုကြပါတယ်။ ပြင်ဦးလွင်မြို့မှာတော့ ရုပ်ရှင် အဖွဲ့သားတွေဟာ မဟာအံ့ ထူးကံသာဘုရား၊ ပြင်ဦးလွင် ကန်တော်ကြီး၊ ပွဲကောက်ရေ တံခွန်၊သီရိမြိုင်ဟိုတယ်၊ .. စတဲ့မြို့ရဲ့ အထင်က ရနေရာ တွေမှာရိုက်ကွင်းတည်လေ့ ရှိပါတယ်။ဒါ့အပြင် ပြင်ဦး လွင်မြို့မှာ ရုပ်ရှင်အဖွဲ့သား တွေ ဟိုးတုန်းကတည်းကနေ အခုထိ စွဲစွဲ မြဲမြဲတည်း ခိုတဲ့မိုတယ်တစ်ခုရှိ ပါတယ်။အဲဒါကတော့ ဒေလီ ယာမိုတယ်ပါပဲ။ဘယ် ရုပ်ရှင် အဖွဲ့ပဲလာလာ နာမည် ကြီး မင်းသား၊မင်းသမီးကလွဲပြီး ကျန်တဲ့လူေ တွက ဒေလီယာ မှာတည်းကြပါတယ်။ ပြင်ဦး လွင်မှာတော့ သရုပ်ဆောင် တွေကသွားလာရတာ လွတ် လပ်မှုရှိတယ်လို့ ဆိုရမှာပါ။ တချို့သရုပ်ေ ဆာင်တွေဆို ပြင် ဦးလွင်ညဈေးမှာ လွတ်လပ်စွာ လာရောက် စားသောက်ကြ တာကိုလည်း တွေ့ရပါတယ်။ရုပ်ရှင်တွေတော်တော်များ များကို ပြင် ဦးလွင်မြို့မှာ ရုပ် ရှင်စတူဒီယိုတွေ လုပ်ချင်တဲ့ ဆန္ဒရှိလားဆိုတော့ အများစု ကမြန်မာပြည်ရဲ့ ဟောလီးဝုဒ် အဖြစ်လုပ်ချင်တယ်လို့ ဆိုကြ ပါတယ်။ သူတို့ရဲ့ လုပ်ချင်ရ တဲ့အဓိကအကြောင်းအရင်း က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရိုက်ကူးရေး အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ကို နာရီ ပိုင်းအတွင်း မန္တလေး မြို့ကြီးမှာရရှိနိုင်တာ ကြောင့် ဖြစ်သလို၊ ရာသီ ဥတု ကောင်းမွန် တာကြောင့် ရုပ်ရှင်စတူဒီယို တွေ လုပ်စေချင်တာလို့ဆိုပါ တယ်။ နာမည်ကြီး မင်းသား တချို့ကတော့ သူတို့ရဲ့ ပြင်ဦး လွင်က ခြံတွေကို ရုပ်ရှင်ရိုက် ကူးရေးတွေမှာ အသုံးပြုဖို့ စီစဉ်နေတာကိုလည်း တွေ့ရ ပါတယ်။ ပြင်ဦးလွင်မြို့ကိုတော့ ရုပ်ရှင်အဖွဲ့သားတွေဟာ ရိုက်ကူးရေးအဖြစ် ရောက် လာရင်တော့ ဗီဒီယိုဆို အနည်း ဆုံးနှစ်ကား၊သုံးကားလောက် ရိုက်ကူးကြပါတယ်။တစ်ကား တည်းနဲ့ပြင်ဦးလွင်ကိုလာတဲ့ သူ ရှားပါတယ်။ ဘာကြောင့် နှစ်ကား၊သုံးကားမှ တက်ဖြစ်လဲဆိုတော့ ရိုက်ကူးရေး စရိ တ်က ရန် ကုန်မှာထက် ပိုကုန်တာ ကြောင့် ပရိုဂျူဆာကကာမိ အောင် ကားများများ ရိုက်မှ ပြင်ဦးလွင်တက်လာလေ့ရှိ ပါတယ်။ရုပ်ရှင်ဗီဒီယို ဈေးကွက် အခြေအနေအရ ဒီနှစ်မှာ တော့ အရင်နှစ်တွေ ထက်စာ ရင် ရုပ်ရှင်ရိုက်ကူး ရေးအဖွဲ့လာရောက်မှု နည်းပါးတာ ကို တွေ့ရပြီး နေ တိုး၊ ပြေတီ ဦး၊ အောင်ရဲ လင်း၊ လူမင်း၊စိုင်းစိုင်းခမ်းလှိုင်စတဲ့ နာမည်ကြီးမင်းသားတွေသာ လာရောက်ရိုက်ကူးတာ တွေ့ရ ပါတယ်။ရုပ်ရှင်၊ဗီဒီယိုေ ဈးကွက် အခြေအနေပြန်ကောင်းလာရင်၊ ရာသီဥတုကလည်း အရင်ထက် ပိုပူလာရင်တော့ ပြင်ဦးလွင် မြို့မှာရုပ်ရှင်အဖွဲ့သားတွေ အကုန် လုံး လာရောက်ရိုက်ကူးကြ၊ ရုပ် ရှင်စတူဒီယိုတွေလာရောက် ဆောက်ကြရင်တော့ပြင်ဦးလွင် မြို့ဟာမြန်မာ့ရုပ်ရှင် လောက သားတွေရဲ့ဟော လီးဝုဒ်လေး ဖြစ်နေတော့မှာသေချာပါ တယ်။

နေကွန်းထင်

Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...