ဧဒင်အချစ်ပုံပြင်: ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကားရိုက်ကြည့်ချင်တယ်ဆိုတဲ့ နေတိုး

Monday 20 May 2013

ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကားရိုက်ကြည့်ချင်တယ်ဆိုတဲ့ နေတိုး

"ကျွန်မက နှင်းဆီပါမောင် " ကို ပြင်ဦးလွင်မှာ သွားရိုက်ခဲ့တာ အ ခက်အခဲတွေ ထွေထွေထူးထူး မရှိခဲ့ ပါဘူး။ ဇာတ်လမ်းက အချစ်ဇာတ် လမ်းဖြစ်တဲ့ အခါကျတော့ လှလှပပ လေးရိုက် တာမျိုးပဲ ရှိတယ်။ အခု နောက်ပိုင်းမှာ အနုပညာပဲ မဟုတ် ဘူး၊ အရာရာကို အသေး စိတ်တွေး တတ်လာတယ်။ အဖက်ဖက်ကို စဉ်း စားချင့်ချိန် တတ်လာတယ်။ အရင် တုန်းကဆို ကိုယ့်ရဲ့ ကာရိုက်တာပိုင်း နဲ့ ဝတ်စား ဆင်ယင်မှုကိုပဲ အသေး စိတ်တွေး တယ်။

အခုကျတော့ ရိုက် ကပ်၊Indoor , Outdoor အဲဒီလို မျိုး အကုန်တွက်တတ် လာတဲ့အခါ ကျတော့ အလုပ်မှာ အဆင်မပြေ မှုတွေရှိလာတယ်။ ကိုယ်နဲ့တွဲဖက် သရုပ်ဆောင်ရမယ့် မင်းသမီးကို လည်း ကိုယ်တိုင် ရွေးချယ် တာမျိုး ရှိလာတယ်။ တစ်ခါတလေကျတော့ လည်း ဒါရိုက်တာ ရွေးတာပေါ့။ တချို့ဟာ တွေကျတော့ မင်းသမီး ငှားပြီးမှ ဇာတ်ရွေးတာမျိုးလည်း လုပ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ဇာတ်ညွှန်း ရေးပြီး ကားရိုက်တာမျိုး လည်းမရှိဘူးလား ဆိုတော့ ကျွန် တော်က အနုပညာနဲ့ ပတ်သက်ရင် အားလုံးကို ဝါသနာ ပါတယ်။
အကယ်၍ ကျွန်တော် ကိုယ်တိုင် ဇာတ် ညွှန်းတစ်ခုကို တွေးပြီး အရုပ်တွေ ပေါ်လာတယ် ဆိုရင်တော့ ကိုယ် တိုင်ရေးပြီး ရိုက်ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ အရှင်းဆုံး ပြောရရင်တော့ ကိုယ့်ကားကို ကိုယ်ရိုက်တာထက် သူများကားကို ရိုက်တာကပိုအဆင် ပြေပါတယ်။ အရင်တုန်းကတော့ ကိုယ်လုပ်ပြီးသားကာရိုက်တာကို ဘယ်တော့မှ ပြန်မလုပ်တော့ဘူး ဆိုတဲ့ စိတ်မျိုးတော့ ရှိခဲ့ဖူးတယ်။ ကမ္ဘာကျော် မင်းသား တွေဖြစ်တဲ့ လီယိုနာဒို၊ ဘရတ်ပစ်တို့ဆိုရင် သူတို့ရိုက်ဖူး ပြီးသား ကာရိုက်တာ ကို နောက်တစ်ခါ ပြန်ရိုက်မှာမဟုတ် ဘူး။
ဒါပေမဲ့ ကျွန်တော်တို့ ရိုက်ခဲ့ တဲ့ကားတွေက quality ပိုင်းဆိုင် ရာရော စိတ်ကျေနပ်မှုမရခဲ့သလို အသံပိုင်းဆိုင်ရာလည်း အနည်းငယ် ချို့ယွင်းနေတယ်။ ဒါပေမဲ့ဇာတ်လမ်း ကတော့ ကောင်းတယ်။ ပရိသတ် အတွက်လည်း အကျိုးပြုနိုင်မယ် ဆို ရင်တော့ အဲဒီကားကို နောက်တစ် ခေါက်ပြန်ရိုက်ကူး သင့်တယ် လို့ထင် တယ်။ အခုအချိန်မှာ ရိုက်ကူးမှုပုံစံ အပိုင်းမှာ quality ပိုင်းက အရင်နဲ့ မတူဘဲ ကွဲပြားမှုတွေ အများ ကြီးရှိ နေတဲ့အတွက် အရင်ကဇာတ် ကား တစ်ကားကို ဒီဘက်ခေတ် နည်းပညာ နဲ့ ပြန်ရိုက်ကြည့် စေချင်ပါတယ်။ 
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...