ဧဒင်အချစ်ပုံပြင်: သမီးကို ရေနွေးပူနဲ့ လောင်းတဲ့အဖေ (photo 9 )

Wednesday 22 May 2013

သမီးကို ရေနွေးပူနဲ့ လောင်းတဲ့အဖေ (photo 9 )

ကျွန်တော် ဒီမနက် ဒီသတင်းလေးကိုတွေ့တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရတယ်..။ ကလေးသူငယ်တွေကို ညှင်းပန်းနှိပ်စက်မှုတွေ အခုနောက်ပိုင်းမှာ တော်တော်များများကို ကြားသိ တွေ့မြင်နေရပါတယ်…။ ညှင်းပန်းနှိပ်စက်တဲ့သူတွေအနေနဲ့ ဘယ်လိုစိတ်ထားတွေရှိလို့ ဒီလောက် ထိတောင် ညှင်းပန်းနှိပ်စက် နိုင်ကြသလဲ မသိဘူးဗျာ…၊









အခုဖြစ်ရပ်ကလည်း သူစိမ်းမဟုတ်ပါဘူးဗျာ..၊ အဖေဖြစ်သူက အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ Xiao Li ဆိုတဲ့ သမီးလေးကို နှိပ်စက်ခဲ့တာကို လူသိရှင်ကြား ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပါ..၊ အခုလို လူသိရှင်ကြား ဖြစ်ခဲ့ရပေမယ့် ကလေးဟာ ဘယ်လောက်ကြာကြာ နှိပ်စက်ခံခဲ့ရသလဲဆိုတာ သူ့ကိုယ်ပေါ်က အမာရွတ်တွေ ကြည့်တာနဲ့တင် သိနိုင်ပါတယ်..။








ရဲစခန်းမှပြောကြားတာကတော့ အဖေဖြစ်သူဟာ တုတ်၊ ကြိုးတွေ အသုံးပြုပြီး ရိုက်နှက်ခြင်း၊ အပ်ချုပ် လက်နဲ့ ခြေထောက်တွေကို ထိုးဆွပြီး ချုပ်ခြင်းတွေလုပ်တဲ့အပြင် အစားအသောက်ပုံမှန်မကျွေးတာ ကြောင့် ကလေးခမျာ ပိန်ချုံးပြီး စိတ်တောင် မူမမှန်ဖြစ်ချင်နေပါပြီ..၊ သူမရဲ့ခေါင်းကိုလည်း ကြည့်လိုက်ပါအုံးဗျာ..၊ ရေနွေးပူနဲ့ လောင်းထားတာပါတဲ့လေ….၊ ရက်စက်လိုက်တာဗျာ…။




အောင်ထွန်းဦး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...