ဧဒင်အချစ်ပုံပြင်: ဖြူးမြို့ ခေါင်းဖြတ် လူသတ်မှုနှင့် ဆက်စပ်၍ တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာများ စစ်ဆေး

Wednesday 22 May 2013

ဖြူးမြို့ ခေါင်းဖြတ် လူသတ်မှုနှင့် ဆက်စပ်၍ တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာများ စစ်ဆေး




တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီး၏ လက်ဗွေရာကို မေလ ၂၀ ရက် နေ့မှ စတင်ကာ တောင်ငူခရိုင်အတွင်းရှိ အမျိုးသမီးများ၏ လက်ဗွေရာများနင့် တိုက်ဆိုင် စစ်ဆေးေ နကြောင်း တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဇော်လွင်၏ သုံးသပ်ချက်အရ ခေါင်းပြတ် သေဆုံးသူသည် အသ က်၃၀ ခန့် ရှိသောကြောင့် လ.ဝ.က မှ ရရှိလာသော အမျိုးသမီး မှတ်ပုံတင်များ၏ လက်ဗွေရာ နှင့် သေ ဆုံး သူ၏ လက်ဗွေရာတို့ကို နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် လက်ဗွေပုံစံ ကျွမ်းကျင်ပညာရှင်များက အနု စိတ်တိုက်ဆိုင် စစ်ဆေးမှူများ ပြုလုပ်နေကြောင်း ၄င်းက ထပ်မံပြောကြားသည်။

သေဆုံးသူ၏ လက်ဗွေရာကို ပြည်နယ် နှင့်တိုင်း ဒေသကြီးများရှိ လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ် ပုံရေး ဦးစီးဌာန (လ.ဝ.က) များနှင့် ချိတ်ဆက်ကာ တိုက်ဆိုင်စစ်ဆေး နိုင်ရန် သက်ဆိုင်ရာက တစ်ဆင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

"ကျွန်တော်တို့ ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်ခြောက်မြို့နယ်က လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတွေကို မှုခင်း တပ်ဖွဲ့က မှတ်ပုံတင်တွေ တိုက်ဆိုင်စစ်ဆေး တဲ့အခါ ကူညီပေးဖို့ အကြောင်းကြားစာတွေ ထုတ် ထားပါ တယ်"ဟု တောင်ငူခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန (လ.ဝက) ခရိုင်ဦးစီး မှူး ဦးကျော်အုန်းက ပြောကြားသည်။

အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့(CID) က လူသတ်မှု စတင်ဖြစ်ပွားသော ဖေဖော် ဝါရီလ အတွင်းမှစ၍ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသို့ အမျိုး သမီး မှတ်ပုံတင်များကို ရယူပြီး လက်ဗွေရာများ တိုက်ဆိုင်စစ်ဆေးရန် အကူအညီ တောင်းခံခဲ့သော်လည်း ခရိုင်မှ တစ်ဆင့် အထက်သို့ ခွင့်ပြုချက် ရယူနေရခြင်းကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၄င်းကထပ်မံရှင်းပြသည်။

တောင်ငူခရိုင်အတွင်းရှိ ခြောက်မြို့နယ်တွင် လူဦးရေ တစ်သိန်းနှစ်သောင်းကျော် နေထိုင်ကြောင်း တောင် ငူ ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရှိရ သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပေါင်း ၅၀ကျော် ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင် သေသူ ၏ အမည်နှင့် နေရပ်လိပ်စာသာမက လူသတ်တရားခံ ဖြစ်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေး ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး(မှုခင်း) ရဲမှူးကြီး ဝင်းစိန် က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့နံနက် တွင် ဖြူးမြို့နယ် သပြေလှကျေးရွာ မိုင်တိုင် အမှတ်၁၄၀/၁ ဇဟားချောင်း ကူးတံ တား အောက်တွင် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းပြတ် ကိုယ်ခန္ဓာကို ပီနံအိတ်အဖြူနှင့် ထည့်ကာ စွန့်ပစ် ခဲ့ပြီး ဦးခေါင်းတစ်ခုကို ယင်းနေရာ နှင့်နှစ်မိုင်အကွာတွင် တွေ့ရှိခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောကြားသည်။

အေးချမ်းမွန် Credit & Copy From >The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...