ဧဒင်အချစ်ပုံပြင်: UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ

Wednesday 22 May 2013

UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ

Photo: UWSA (ဝ) အဖွဲ့မှထုတ်လုပ်ထားသောမူးယစ်ဆေး ထိုင်းနိုင်ငံ မြို့တော်၌ စံချိန်တင် ဖမ်းဆီးရမိ
Wednesday, May 22, 2013

ထိုင်းနိုင်ငံ ဘန်ခမ်းခရိုင် ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုတစ်ခုအား စီးနင်းရှာဖွေရာတွင် ဘတ် သန်းပေါင်း (၁၅၀၀)ခန့် ရှိသည့် စံချိန်တင် မူးယစ်ဆေးများစွာကို ဖမ်းဆီးရရှိခဲ့ကြောင်း မူးယစ်ဆေးတားဆီး ရဲတပ်ဖွဲ့က ဆိုသည်။
မက်သမ်ဖက်တမင်းဆေးပြား (၄.၅)သန်း နှင့် မက်သမ်ဖက်တမင်းခရစ်စတယ် ၆၀-ကီလိုဂရမ် စုစုပေါင်း ဘတ်သန်းပေါင်း (၁၅၀၀)ခန့်တန် မူးယစ်ဆေးများကို ဖမ်းဆီးရရှိခဲ့သည်ဟု မူးယစ်ဆေးတားဆီး နှိမ်နင်းရေး အဖွဲ့ရုံး( Office of the Narcotics Control Board- ONCB ) အထွေထွေ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ပွန်ဆာပတ် ပွန်ချာရွန်က သတင်းထုတ်ပြန်ခဲ့သည်။

 ဘန်ခမ်းခရိုင်၊ ဖိုခယူလမ်းအတွင်းရှိ ပီရာဖိုခယူအိမ်ယာအခန်းအမှတ် (၃၀၂) နှင့် (၃၂၀) တို့အား ဝင်ရောက် စီးနင်းရှာဖွေရာ အဝတ်အစားဘိရိုအတွင်း ဖွက်ထားသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ပြီး မသင်္ကာသူ ၃-ဦးဖြစ်သည့် ဆုသီချိုင်းကာမာ ( ၂၂-နှစ် )၊ ခယူပူ ( ၂၀- နှစ် ) နှင့် ၁၆-နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရှိရသည်။

 အဆိုပါ မသင်္ကာသူ ၃-ဦးသည် မူးယစ်ဆေးဝါးများကို စောင့်ကြပ်ထိန်းသိမ်းထားရန် ငှားရမ်းထားခြင်းသာ ဖြစ်ကြောင်းနှင့် မူးယစ်ဆေးများသည် (ဝ) အဖွဲ့မှ ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးများဖြစ်ပြီး ချင်းရိုင်မှ ဘန်ကောက်သို့ သယ်ယူလာခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်က ပြောသည်။
ရဲတပ်ဖွဲ့သည် ယမန်နေ့ကလည်း ဘန်ကောက်မြို့ပေါ်မှ အဓိက မူးယစ်ဂိုဏ်း တစ်ခုအား ဖမ်းဆီး နှိမ်နင်းခဲ့ပြီး မသင်္ကာသူ တစ်ဦးထံမှ ဘတ်သန်း-၅၀ ခန့်တန်သော အဖိုးထိုက်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆက် ပြောသည် ။

ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းခေါင်းဆောင် ကိုဆင် ချူချိုင်း( ၃၁-နှစ် ) ၏ ဇနီးသန်ယာပွမ် ခနန်ခင် ( ၃၆-နှစ် ) ကို ဖမ်းဆီးထားကြောင်း ဗိုလ်ချုပ်ကြီးပွန်ဆာပတ် ကပြောကြားပါသည်။

 ကလောင်းဆမ်ဝါ ခရိုင်အတွင်း မစ္စ သန်ယာပွမ်အားဖမ်းဆီးမှု နှင့်အတူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ကျည်ဆန် ၅၉-တောင့်၊ မက်သမ်ဖက်တမင်းအရည် ၇၆-ပုလင်း၊ မူးယစ် နှိမ်နင်းရေး ဗျူရိုမှတ်ပုံတင် ကတ်ပြား အတုတစ်ခု၊  မစ္စတာကိုဆင်အမည်ပါ သတင်းထောက်ကတ်တစ်ခုတို့ဖြစ်သည်။

 ထို့အတူရဲတပ်ဖွဲ့သည် ပထုမ် ဌာနီခရိုင်အတွင်း မှ ဘဏ်စာရင်း ၁၃-ခုခွဲ အပ်နှံထားသည့် ဘတ် ၇-သန်း၊ အိမ် ၃-လုံး နှင့် ကားဂိုဒေါင် တစ်လုံးတို့ကိုလည်း သိမ်းဆီးခဲ့သည်။

 ရဲတပ်ဖွဲ့သည် မစ္စတာကိုဆင် နှင့် သူ၏ မူးယစ်ဂိုဏ်းအတွင်းမှ အခြားမသင်္ကာသူအနည်းဆုံး ၁၀-ဦး ခန့်အား ဆက်လက်ခြေရာခံစုံစမ်းလျက်ရှိကြောင်း သိရသည်။

ရဲဗိုလ်ချုပ်ကြီးပွန်ဆာပတ်ကပိုင်ဆိုင်မှုပစ္စည်းဘတ် သန်း-၁၀၀ ခန့်ဆက်လက် သိမ်းဆည်းရဦးမည်ဟု ခန့်မှန်း ထားကြောင်း နှင့် မစ္စတာကိုဆင်၏ ဂိုဏ်းသည် မူလကကလောင်းတိုယီဈေးတွင် မူးယစ်ဆေးဝါးများ ရောင်းနေရာမှ မင်ဘူရီခရိုင်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

မူးယစ်ဆေးရောင်းရာမှ ရရှိသော ငွေများကို လူများငှာရမ်းကာ ငွေစာရင်းများဖွင့်ပြီး သိမ်းဆည်းထားခြင်းကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

 မစ္စတာကိုဆင်အား ဖမ်းဝါးရမ်းထုတ်ထားပြီးဖြစ်သဖြင့် လာရောက် အဖမ်းခံသင့်ကြောင်း ရဲဗိုလ်ချုပ်ကြီးက ပြောသည်။

Ref ;  ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၅-၂၀၁၃

ညွှန့်အောင် (မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...