နောက်တစ်ခုက အကောင်းဘက်ကို လုပ်တဲ့သူက လုပ်ပေးပြီးသွားပြီ။ ၁၅၀ဝ Sim Card တွေပေါ်တဲ့ အချိန်မှာ ဝယ်နိုင်ကြတယ်။ အသုံး ပြုလာနိုင်ကြတယ်။ ဒါပေမဲ့ ကိုယ့် အတွက် အကျိုးရှိအောင် ဘယ်လို သုံးမလဲဆိုတာကို စဉ်းစားစေချင် တယ်။ ထရီဇာက အနုပညာရှင် ဖြစ်တဲ့အတွက် ၁၅၀ဝ တန်ဖုန်းတွေ ဆိုတာထက် နှောင့်ယှက် ချင်တဲ့ လူ တွေက ပိုများတယ်။ ထရီဇာအ နှောက်အယှက်ခံရတာ ကိစ္စမရှိပေ မယ့်လည်း အသုံးပြုပုံတွေ မှားနေ ကြပြီလို့ ထင်တယ်။ ထရီဇာဖြစ်စေ ချင်တာ ကိုယ်ရှာဖွေ ထားတဲ့ တစ် ကျပ်၊ တစ်ပြားကအစ အသုံးမကျ တဲ့ usage တစ်ခုမဖြစ်စေချင်ဘူး။ usage ကို နည်းမှန်၊ လမ်းမှန်နဲ့ အ ကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်း ပေးပါတယ်။
ဈေးတွေ အဆမတန် မြင့်တက်လာတဲ့ အပေါ် ထရီဇာ ဘယ်လိုမြင်လဲ ဆိုတော့ အဲဒါက နည်းနည်း ကျယ်ပြန့်မယ်လို့ ထင် တယ်။ ထရီဇာ သိပ်မပြောတတ်ဘူး။ အရာရာ ဖြစ်ပျက်ပြောင်း လဲနေတာ ကို စဉ်းစားရင် ကောင်းမွန်တဲ့ အ ပြောင်းအလဲတစ်ခု ဖြစ်ဖို့ဆိုတာ ကိုယ်ကျိုး ကိုကြည့်လို့ မရဘူး။ လူ တွေ အားလုံးက မျှတတဲ့စိတ် ဓာတ်တွေ၊ မေတ္တာထားတဲ့ စိတ် ဓာတ်တွေ၊ စာနာတဲ့ စိတ်ဓာတ်တွေ ရှိမှပဲ ရှေ့ခရီးကို ဆက်လို့ရမယ်။ ဒါ ကိုပဲ ထရီဇာ ပြောတတ်တယ်။
yoyarlay.
No comments:
Post a Comment