ဧဒင်အချစ်ပုံပြင်: “ပတ်စပို့ရှိသည့်မြန်မာအလုပ်သမား၂ဦးအား ထိုင်းရဲဖမ်းဆီးခံရခြင်းကိုကယ်ထုတ်”

Saturday 10 August 2013

“ပတ်စပို့ရှိသည့်မြန်မာအလုပ်သမား၂ဦးအား ထိုင်းရဲဖမ်းဆီးခံရခြင်းကိုကယ်ထုတ်”

သြဂုတ်  ၉   မြတ်ညို (အလွတ်သတင်းထောက်)

               ပတ်စပို့ရှိသည့် အလုပ်သမား၂ဦးအား နကပထုန်ဘုရားကြီးအနီး ကားမှတ်တိုင်တွင် ယာဉ် ထိန်းရဲ ၁ဦးကဖမ်းဆီးခြိမ်းခြောက် ခံခဲ့ရပြီး ၄နာရီ အကြာတွင် မြန်မာအလုပ်သမား ညွန်ကြားရေးမှူး
 နှင့် MATတို့ကူညီခဲ့သဖြင့်ပြန်လည်လွတ်မြောက်
 လာခဲ့ကြောင်းသိရှိရသည်။
         အလုပ်အကိုင်မရှိသဖြင့် အလုပ်ရှာပြီး ထိုင်းနိုင်ငံအလယ်ပိုင်း၊ဘန်ကောက်မြို့ အနောက် ဘက် ကီလိုမီတာ ၆၀ခန့်အကွာတွင်ရှိသော  နကပထုန်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုခဲ့ကြကာ၊ဘုရားကြီး၏ အနောက်ဘက်မုဒ် လိုင်းကားမှတ်တိုင်
တွင် ကားစီးရန်  စောင့် ဆိုင်းနေကြစဉ်နေ့လည် ၁နာရီ ခန်က ဆိုင်ကယ်စီး ယာဉ်ထိန်းရဲတစ်ဦးက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ရဲတစ်ဦးရောက်လာပြီး ပတ်စပို့ပါလား၊ အလုပ်လုပ်ခွင်ပါမစ် ပါသလားဟုမေးပြီး စာအုပ်၂အုပ်ကိုယူသွားပြီး ယာဉ်ထိန်းစခန်းသို့ လိုက်ခဲ့ရန်ပြောခဲ့သည်။
 “စာအုပ်ရှိသူတစ်ယောက်အနေနဲ့ အခြားအပြစ်လည်းမရှိတာကြောင့် ကျနော်မကြောက်ဘူး။  စာအုပ်နဲ့  လမ်းသွားလို့မရဘူးလား၊ ၀တ်ပါမစ်က အလုပ်မရှိသေးလို့ မလုပ်ရသေး တာ၊ ဆိုင်ကယ်တွေ၊ ကားတွေကို ဖမ်းတဲ့မော်တော်ပီးကေ က ကျနော်တို့ကို ဖမ်းလို့ရလားလို့ကျနော် မေးတယ်။ ကျနော်တို့ အလုပ်ရှာနေ တာလေ၊ ကျနော်က MAT ရုံးကိုလည်းသိတယ်၊ သူတို့ကူညီလို့ပေါ့၊ ဒီအဖွဲ့ နဲ့ ဆက် သွယ်ရမှန်မသိတဲ့ အလုပ်သမားတွေဆို ပိုက်ဆံပေးရမှာ၊ ကူညီသူတွေကို ကျေးဇူးတင်ပါတယ် ” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က “ မြန်မာသံရုံးက အလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း လို ထိုင်းဘာစကား ကျွမ်းကျင်တဲ့ သူမျိုး
အလုပ်သမားကိစ္စတွကို စာနစိတ်အပြည့်နဲ့ လုပ်ပေး တဲ့ အကျိုးကျေးဇူးတွေပါ။ ကျနော်တို့က ၀ိုင်းကူပေး တာပဲ ။ ကျနော်တို့နဲ့ရင်းနှီးတဲ့ နကပထုန် လ၀က အရာရှိက ကူညီပြောပေးတယ်။       ပတ်စပို့ရှိတဲ့ မြန်မာ အလုပ်သမားတွေကို ဖမ်းလို့ မဖြစ်ဘူး၊ မဖမ်းသင့်ဘူးလို့ ထိုင်းပုလိပ်တွေကို ထိုင်းအစိုးရလူကြီးတွေက ထိထိရောက် ရောက် တားမြစ်ထားဖို့သင့်တယ်။ ကျနော်တို့ မသိတာတွေ ကျနော်တို့ ဘယ်လိုရှင်း မလဲ၊ မြန်မာအလုပ် သမားတွေ အထူးနစ်နာပါတယ်”ဟုပြောသည်။
မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း၊ နကပထုန်  တောမော(လ၀က) အရာရှိပြီးနှင့် MAT တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသဖြင့် ငွေပေးရန်မလိုပဲ ညနေ၅နာရီတွင် အလုပ်သမား၂ဦး ပြန်လည် လွတ်ြေ မာက် လာခဲ့ကြသည်။ ဤဖြစ်စဉ်မျိုးဘန်ကောက်မြို့အနီးမဟာချိုင်မြို့တွင် နေ့စဉ်ဖြစ်ပေါ်လေ့ရှိတတ်သည်။ 
 from-goldenworkers

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...