ဧဒင်အချစ်ပုံပြင်: တစ်နာရီလျှင် အမျိုးသမီးတစ်ယောက် သေဆုံးနေရသောအိန်္ဒိယ နိုင်ငံ၏သတို့သမီးလက်ဖွဲ့ဓလေ့ထုံးစံ--

Thursday 5 September 2013

တစ်နာရီလျှင် အမျိုးသမီးတစ်ယောက် သေဆုံးနေရသောအိန်္ဒိယ နိုင်ငံ၏သတို့သမီးလက်ဖွဲ့ဓလေ့ထုံးစံ--

(နယူးဒေလီ စက်တင်ဘာ ၄)
အိန်္ဒိယနိုင်ငံတွင် သတို့သမီးဘက်ကပေးရသော မင်္ဂလာလက်ဖွဲ့များနှင့် ပတ်သက်သော ပြစ်မှုများကြောင့် တစ်နာရီလျှင် အမျိုးသမီးတစ်ယောက် သေဆုံးနေရကြောင်း၊ ယင်းမှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အဆိုပါ မဖြစ်မနေပေးရသော လက်ဖွဲ့ဓလေ့ထုံးစံကြောင့် လိုအပ်ချက်များရှိနေသည် ကို ညွှန်ပြနေကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြောကြား သည်။ အိန်္ဒိယ အမျိုးသားပြစ်မှုမှတ်တမ်းဌာနက လွန်ခဲ့သည့်နှစ်အတွင်း အိန်္ဒိယနိုင်ငံတစ်ဝန်း၌ လက်ထပ်ထိမ်းမြားမင်္ဂလာအခမ်းအနားများ ပြုလုပ်စဉ် သတို့သမီးမိသားစုမှ သတို့သားမိသားစုသို့ ပေးရသည့် မင်္ဂလာခန်းဝင်ပစ်္စည်း များနှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် အမျိုးသမီး ၈၂၃၃ဦး သေဆုံးခဲ့ရ သည်ဟု ဆိုသည်။
မင်္ဂလာလက်ဖွဲ့ပေးရခြင်းနှင့် ပတ်သက်သည့် ပြစ်မှုများမှာ ၃၂ ရာခိုင်နှုန်း အောက်ရှိကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်သော ပြစ်မှုမှတ်တမ်း ဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ အိန်္ဒိယတွင် သတို့သမီးဘက်ကပေးရ သော မင်္ဂလာလက်ဖွဲ့ပေးခြင်းနှင့် လက်ခံရယူခြင်းကို ဥပဒေအရ တားမြစ်ထား သော်လည်း ရာစုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော အဆိုပါလူမှုရေးဓလေ့ ထုံးစံမှာ အမြစ်တွယ်နေဆဲဖြစ်သည်။ မင်္ဂလာလက်ဖွဲ့ပစ်္စည်းတောင်းခံခြင်းမှာ လက်ထပ်ပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဆက်လက်တောင်းယူနေကြသည်။ အိန်္ဒိယအမျိုးသမီး ငယ်ထောင်ပေါင်းများစွာမှာ သတို့သားမိသားစုဘက်သို့ လက်ဖွဲ့ပစ်္စည်း အလုံအလောက်မပေးနိုင်သည့်အတွက် နှစ်စဉ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံနေရသည်။
ယင်းကိစ်္စကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့က တားမြစ်ရန် ကြိုးစားနေသည်။ ““လက်ထပ်ထိမ်းမြားတာဟာ စီးပွားရေးအမြတ် ထုတ်သလို ဖြစ်နေပါတယ်။ သတို့သားနဲ့ သတို့သားမိသားစုက မင်္ဂလာလက်ဖွဲ့ ပစ်္စည်းကို မတန်တဆ တောင်းတာရှိသလို ချမ်းသာတဲ့ သတို့သမီး မိသားစုက လည်း တောင်းတာထက်ကို ရက်ရက်ရောရော ပေးတာလည်းရှိပါတယ်””ဟု အမျိုး သမီးအခွင့် အ ရေးလူပ် ရှားသူ ရာဂျနန်ကူမာရကီ ပြောကြားသည။်( အေပီ)

*အေ၀မ်းစိုး*

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...