ဧဒင်အချစ်ပုံပြင်: ဆုပ်လုံး လျက်နှုန်း

Friday 1 November 2013

ဆုပ်လုံး လျက်နှုန်း

Photo: ဆုပ်လုံး လျက်နှုန်း 

အနောက်တိုင်းက သုတေသန ကျောင်းသားတို့ ပေါက်ပေါက်ရှာရှာ လေ့လာ ဆန်းစစ်ပြီး တွေ့ရှိထားတဲ့ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ 

ယင်း အချက်ရ ချိုချဉ် ဆုပ်လုံး ( လော်လီပေါ့ ) ( tootsie roll tootsie pop ) တစ်လုံးကို အလည် အရိုးအထိ ရောက်အောင် အရွယ်ရပြီး လူ တစ်ယောက် လျှာနဲ့ လျက်ရင် အကြိမ်ပေါင်း ၅၀၀ ကျော်ပါတယ်။ အကြိမ်ပေါင်း ၅၀၀ ကျော်ဆိုတာ ပတ်ပတ်လည် လျက်ခြင်း ဖြစ်ပြီး ဘေး တစ်ဘက်တည်းကိုပဲ ဆက်တိုက် လျက်မယ်ဆိုရင် ၂၅၀ ကြိမ် လျက်ရ မှာ ဖြစ်ပါတယ်။ ဒါကလည်း ပျမ်းမျှ တွက်ချက် ထားခြင်းပါ။ 

ပုံမှန်အားဖြင့် Tootsie pop တစ်လုံး လျက်လို့ အလယ်စင်တာ ရောက်ဖို့ ဆိုတာ လျှာ အရွယ်အစား၊ လျှာရည်၊ လျှာရည် အပူချိန်၊ ဖိအား အစရှိသဖြင့် တွက်ချက်စရာ အချက်တွေ အများကြီးပါ။ သို့သော် ပျမ်းမျှ အားဖြင့် Tootsie pop တစ်လုံး ကို အလယ်ရောက်ဖို့ တစ်ဖက်တည်းကနေ လျက်ဖို့အတွက် အကြိမ် ၂၅၀ ပျမ်းမျှ လျက်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: todyfounout

Aung Kham ( International news for myanmar )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...