ဧဒင်အချစ်ပုံပြင်: သီချင်းဆိုမှသာ မြန်မာပြည်ရဲ့ ချောင်ကြို ချောင်ကြား နေရာများသို့ ရောက်ဖြစ်တယ် ဆိုတဲ့ ချစ်စနိုးဦး

Wednesday 5 December 2012

သီချင်းဆိုမှသာ မြန်မာပြည်ရဲ့ ချောင်ကြို ချောင်ကြား နေရာများသို့ ရောက်ဖြစ်တယ် ဆိုတဲ့ ချစ်စနိုးဦး

သရုပ်ဆောင် ချစ်စနိုးဦးက တစ်ကိုယ်တော် သီချင်း ခွေ စီစဉ်နေကြောင်း ပြောသည်။
ချစ်စနိုးဦးက ယခုနောက်ပိုင်း ကားရိုက်ရသည့် ရက်ထက် သီချင်းဆိုဖြစ်သည့် ရက်က ပိုများလာကြောင်း ပြောသည်။ နယ်ဘက်တွေကို သီချင်း သွားဆိုဖြစ်ခဲ့တဲ့ ချစ်စနိုးဦးက ”နယ်ဘက်တွေကို သီချင်းသွားဆို ရရင် အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ အဲဒီ နယ်ဘက်က ပရိသတ်တွေ ကကျတော့ အဆိုတော် တစ်ယောက်ထက် မင်းသမီး တစ်ယောက် အနေနဲ့ ကိုယ့်ကို ပိုပြီး မြင်ကြတယ်။ မင်းသမီး၊ မင်းသား ဆိုတာက ရန်ကုန်မှာပဲ နေတာ များတယ်လေ။ တစ်ခါတလေမှ နယ် သွားရိုက်ဖြစ်ကြတာ။ သီချင်း ဆိုတော့မှပဲ ဒီမြန်မာပြည်ရဲ့ ချောင်ကြိုချောင်ကြား အဲဒီလိုနေရာတွေပါ ရောက်တယ်။ နယ်က ပရိသတ်တွေကလည်း အရမ်းအားပေးကြတယ်” ဟု အတွေ့အကြုံ ကို ပြောပြသည်။

အနုပညာ လောကထဲကို ဝင်ရောက်လာတာ  ၉ နှစ်နီးပါး ရှိပြီဖြစ်ကာ ခုနောက်ပိုင်း ဇာတ်လမ်း ရွေးချယ်မှုတွေ ရှိလာတဲ့အတွက် ကားရိုက်တွေ ကျဲ လာတဲ့ အပေါ်လည်း ချစ်စနိုးဦးက ”ကားရိုက်တာ တွေကျတော့ သုံးလေးရက် အလိုကျမှ ဒီရက် ဒီရက် ရိုက်ဖို့ရှိတယ်။ အားလားပေါ့နော်။ သီချင်းဆို ဖို့တွေနဲ့ တိုက်နေတဲ့ အခါကျတော့လည်း ညှိလို့ ရရင် ညှိလိုက်တယ်။ ညှိလို့ရတဲ့ ကားကျတော့ လည်း ရိုက်လိုက်တယ်။ အဲဒါတွေကြောင့်လည်း ပါမယ်။ နောက်တစ်ခုကျတော့ ဇာတ်လမ်း ရွေးချယ် တာကြောင့် လည်း ပါမယ်။ သက်တမ်း ကာလ ကြာပြီ ဆိုတော့လည်း အကောင်းဆုံး ဖြစ်ချင်တော့ ခုနောက်ပိုင်းဆို လုပ်ကွက်ရပြီး အခန်းနည်းရင် နည်းပါစေ ဆိုပြီး ကိုယ့်အတွက် ကာရိုက်တာလေး ရှိမှပဲ လုပ်ဖြစ်တော့တယ်” ဟု ပြောကြားသည်။
by- popularmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...