ဧဒင်အချစ်ပုံပြင်: မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းဝင်ရောက်..

Tuesday 15 January 2013

မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းဝင်ရောက်..

ဧဒင်| | |အချစ်| | |ပုံပြင်
ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏  အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေးဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကို ထိုင်းနိုင်ငံလုပ်လိုလို တရုတ်နိုင်ငံလုပ်လိုလို ပြောဆိုရောင်းချနေရသည်။ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့် ထိုင်းနိုင်ငံသည်လည်း..ဗုဒ္ဓယာဉ်ကျေးမှု ထွန်းကားရိုသေသောနိုင်ငံတစ်ခုဖြစ်နေသောကြောင့် မဖြစ်နိုင်ဟု
သုံးသပ်သူများလည်းရှိနေသည်။BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့် ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူမဖျက်နိုင်ရန် ထင်ထင်ရှားရှား ရေးထိုးထားသည်ကိုတွေ့မြင်ရပြီး လက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့် ဘုန်းကြီးပုံကိုပါ ရိုက်နှိပ်ပါရှိသည်။ဓားအသွား၅ လက်မခန့်နှင့် လက်ကိုင်ရိုးမှာလည်း ၅ လက်မခန့်ရှိသည်။ဓားအသွားအနက်ရောင်နှင့်လက်ကိုင်ရိုးမှာ အနီရောင်ဖြစ်သည်။ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း ၀ယ်ယူခဲ့သူတစ်ဦးကပြောသည်။

.hotnewsweekly.-ဥယျာဉ်မှုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...