ဧဒင်အချစ်ပုံပြင်: တစ်ကိုယ်တော် ရှိုးပွဲလုပ်ရန် အစီအစဉ်ရှိသည်ဟု စိုးသူပြောကြား

Thursday 3 January 2013

တစ်ကိုယ်တော် ရှိုးပွဲလုပ်ရန် အစီအစဉ်ရှိသည်ဟု စိုးသူပြောကြား


စက်တင်ဘာလ၂၃ ရက်တွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသောအကယ်ဒမီစိုးသူကကစ်ကိုယ်တော်
ရှိုးပွဲ ပြုလုပ်ရန် အစီအစဉ် ရှိသည်ဟုမြန်မာ့ခေတ်အား ပြောကြားသည်။
ပြည်တွင်းမှ နှစ်ပေါင်းကြာရှည်စွာအမေရိကသို့ထွက်ခွါသွားသောအကယ်ဒမီ စိုးသူသည်မိခင်ဖြစ်သူ၏ ကျန်း
မာရေး အခြေအနေကြောင့်ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရပြီး အနုပညာလောကတွင်းသို့
ပြန်လည်ဝင်ရောက်လာတော့ မည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ရိုက်ဖို့ ပြောထားတာတွေရှိတယ်။ လောလောလတ်လတ်ဒီမှာ ရှိတုန်းကြေညာလေးတွေနဲ့သီချင်းတစ်

ပုဒ်စနှစ်ပုဒ် စဆိုဖြစ်သွားဖို့အစီအစဉ် ရှိတယ်။တစ်ကိုယ်တော်ရှိုးကိုအခုတစ်ခေါက်မှာလုပ်ဖြစ်ရင်လည်းလုပ်
ဖြစ် မယ်။ မလုပ်ဖြစ်ရင် နောက်တစ်ခါ ပြည်တွင်းကို ပြန်လာပြီး လုပ်ဖြစ်မယ်”ဟုစိုးသူက ပြောကြားသည်။

မိခင်ကျန်းမာရေး နှင့်ပတ်သက်၍ မူလကမှန်းထားတာက မေမေ့ရဲ့ ကျန်းမာရေးအခြေအနေလေးတည်တည်

ငြိမ်ငြိမ် ဖြစ် ရင် အိမ်မှာပြန်ပြီး ဂရုစိုက်ဖို့ စီစဉ်ထားတယ်။အခုလောလောဆယ်အနေအထားအရ ဆေးရုံပေါ်
မှာ ဒီလို သက်တောင့် သက်သာ နေရတာအဆင်ပြေဆုံးဖြစ်နေတော့ဒါနဲ့ပဲ မျှော်မှန်း ထားတဲ့ရက်ထက်ကြာ
သွားတယ်။ မေမေ့ရဲ့ ကျန်းမာရေး ဒီထက်ပိုပြီးတိုးတက်လာမှပဲအိမ်မှာသက်တောင့်သက်သာလေးထားမှာပါ
။ ဒီထက်ဆိုးလာ ရင် ဒီမှာဘဲဆက်ထားမှာပါ” ဟု ပြောကြားသည်။

“အချိန်အကြာကြီး နေရာအဝေးကြီးမှာ သွားနေပြီး အခုလို ပြန်လာတဲ့အခါ ချစ်ချစ်ခင်ခင် ကြိုဆိုတဲ့အတွက် အရမ်းလည်း ဝမ်းသာတယ်။ဒါ့ကြောင့် အနု ပညာ တာဝန်ပိုကြီး သွားသလိုခံစားရပါတယ်။ငါတို့ အနုပညာအ

တွက်ကျေးဇူးဆပ်ရအုံး မယ်”ဟု ပရိတ်သတ်အား စကားလက်ဆောင် ပြောကြား ခဲ့သည်။

အိအိ
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...