ဧဒင်အချစ်ပုံပြင်: ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်ရှိ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့

Thursday 3 January 2013

ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်ရှိ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့

ha-3-1-5
မီးလောင်မှုဖြစ်ပွားခဲ့သော တိုက်ခန်းအားတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ ကသစ်လမ်း၊ တိုက်အမှတ် ၁၆၊ သုံးလွှာ (ခ) တွင် ဇန်န၀ါရီလ ၃ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 
အဆိုပါမီးလောင်ကျွမ်းမှုမှာ ၁၅ မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ကြောင်းနှင့် ဆေးလိပ်တိုပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်ဟု အဆိုပါမီးလောင်မှုဖြစ်စဉ် အနီးရှိလူများ၏ ပြောပြချက်အရ
သိရသည်။              
ha-3-1-6
"မီးလောင်မှု ဖြစ်တယ်လည်းဆိုရော ရပ်ကွက်ထဲက လူငယ်တွေက တိုက်ခန်းပေါ်ကိုတက်ပြီး မီးသတ်ဆေးဘူးတွေ၊ ရေစိုအ၀တ်တွေနဲ့ ငြိမ်းသတ်ကြတဲ့အတွက် မီးလောင်မှု နည်းသွားရတာပါ။ မီးသတ်ကားတွေလည်း မီးလောင်ပြီး ၅ မိနစ်ကျော်ကျော်လောက်မှာပဲ ရောက်လာကြတယ်။ အဲဒီအိမ်မှာက ကျန်မာရေးချို့တဲ့နေတဲ့ အဘိုးအိုတစ်ယောက်နဲ့ သူ့သမီးတစ်ယောက် ရှိတယ်လို့ သိရတယ်။ သူ့သမီး ဈေးဝယ်ခဏသွားနေတုန်း မီးလောင်မှုဖြစ်တာ။ ဘေးအခန်းတွေကိုတော့ မီးမကူးဘူး" ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေါ်ခင်မာကြည်က ပြောပြပါသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၅ စီးနှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးတို့ လာရောက်၍ မီးငြှိမ်းသတ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၇၀၀၀၀ ကျပ် ရှိခဲ့ကြောင်း သိရသည်။
by- .news-eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...