ဧဒင်အချစ်ပုံပြင်: ဝမ်းနည်းဂုဏ်ယူမိပါသည်။

Monday 14 January 2013

ဝမ်းနည်းဂုဏ်ယူမိပါသည်။

 
ဝမ်းနည်းဂုဏ်ယူမိပါသည်။ဂုဏ်ယူသည်က ခြောက်ဘာသာဂုဏ်ထူးနှင့်အခြေခံပညာအထက်တန်းစာမေးပွဲ
ကိုထူးချွန်စွာအောင်မြင်၏။ဝမ်းနည်းသည်က ဆေးတက္ကသိုလ် တက်ခွင့်မရ၍ပါ။

အံ့သြ စရာ မြန်မာ့ ပညာရေးအခင်းအကျင်းပါပေ။ ဘာသာစုံဂုဏ်ထူးထက်သာလွန်သောအောင်မြင်မှု မရှိပါပဲနှင့် ကာယကံရှင် တက်ရောက်လိုသော တက္ကသိုလ်တက်ခွင့်မရသည်မှာရင်နာစရာပေ။ အမှတ်နည်းများ အလိုက်ခွဲတမ်းနှင့်သာ တက်ရောက်စေသည်ဆိုပါကဂုဏ်ထူး ရမှတ် ကိုပြင်ဆင်စေချင်ပါသည်

ဥပမာ သိပ္ပံ အတွဲများကို ရမှတ်၉၀နှင့် ကျန်ဘာသာများကို ရမှတ်၈၅ မှတ်သတ်မှတ်လျှင်ဘာသာစုံ ဂုဏ်ထူး ရသူသည် အနည်းဆုံးရမှတ် ၅၃၀ မှတ်ရပေမည်။သို့ဆိုလျှင် သူတို့သတ်မှတ် သည့်စံအရ ဆေးလိုင်းကို ကပြီးဝင်ပေမည်။ ခုတော့ အရေအတွက်ဂုဏ်ထူးဖြစ်နေပေပြီ။ ဘာသာစုံဂုဏ်ထူးသည် အရည်အချင်းမပြည့်သလော စဉ်းစားစရာပါပေ။ ပူးတွဲပုံပါကလေး သည် လှေလှော်ရင်းတက်ကျိုးရပေပြီ။ ရမှတ်နှင့်လိုင်းခွဲလျှင် ဂုဏ်ထူးပေးမှတ်ကိုလည်းမြင့် ရပေတော့မည်။


မူရင်းလင့် http://www.facebook.com/photo.php?fbid=217542131715630&set=a.100737970062714.374.100003795330880&type=1&theater

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...