ဧဒင်အချစ်ပုံပြင်: အကယ်ဒမီဆုလွဲခဲ့လို့ ဝမ်းမနည်းပါဘူးဆိုတဲ့ သက်မွန်မြင့်

Monday 14 January 2013

အကယ်ဒမီဆုလွဲခဲ့လို့ ဝမ်းမနည်းပါဘူးဆိုတဲ့ သက်မွန်မြင့်

Internet Social Network ဖြစ်တဲ့ Facebook ကို အသုံးပြုပြီး Focus Online မဂ္ဂဇင်းကို ဖြန့်ချိ ခဲ့ပါတယ်။၂၀၁၃ ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်မှာ Focus Online Audience Choice Award ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ ပါတယ်။ Focus Online ရဲ့ ပရိသတ် ရွေးချယ်တဲ့ဆုကို သရုပ်ဆောင် သက်မွန်မြင့်က ရရှိခဲ့ပါတယ်။ Focus Online မဂ္ဂဇင်းက မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် အဆိုတော်၊ အစီအစဉ် တင်ဆက်သူ အစရှိတဲ့ အောင်မြင်တဲ့သူ အယောက် ၇၀ ကျော်ကို Online မှာ Votting စ ခဲ့ပြီး ဒီဇင်ဘာ ၁၅ မှာ ပိတ်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်ကြိမ် သာလျှင် Like လုပ်ခွင့်ရှိပါတယ်။ အဆိုပါ အယောက် ၇၀ ထဲကမှ သက်မွန်မြင့်က Votting အများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆုတံဆိပ် အပ်နှင်းအပြီးမှာ သက်မွန်မြင့်က အမှတ်တရစကား ပြောကြားခဲ့ပါ တယ်။

"ဒီဆုရတာ သက်မွန်မြင့် အတိုင်းမသိ ဝမ်းသာပါတယ်။ ဒါကိုယ့်ကို ပရိသတ်တွေ ဘယ်လောက်ထိ အသိအမှတ်ပြု တယ်ဆိုတာကို သိလိုက်ရတာပါ။ ဆုတစ်ဆု ဆိုတာထက် ဒီဆုရဲ့ နောက်မှာ အင်အားတွေ အများကြီး ပါလာပါတယ်။ အနုပညာ သမားတစ် ယောက်အနေနဲ့ ပရိသတ်ရဲ့ အားပေးမှုရှိမှ သာလျှင် ရှေ့ဆက်လို့ ရမှာပါ။ သက်မွန်မြင့် ဒီအနုပညာလောကမှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ အင်အားတွေ ပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီအတွက် ပရိသတ်အားလုံး ကို သက်မွန် ကျေးဇူး အထူးတင်ပါတယ်။ သက်မွန် အကယ်ဒမီဆုနဲ့ လွဲ ခဲ့ပေမယ့် ပရိသတ်တွေပေးတဲ့ ဒီဆု လေးကို ရလိုက်တဲ့အတွက် ပျော်ပါ တယ်။ အကယ်ဒမီဆိုတာက အဖွဲ့အစည်းတစ်ခုက တစ်နှစ်တာအတွက် အကောင်းဆုံး သရုပ်ဆောင် ဆိုပြီး ပေးတာပါ။ ဒီဆုကကျတော့ ပရိသတ်တွေ ကိုယ့်ကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိလည်း ဆိုပြီး ပေးတာဆိုတော့ အရမ်း ကျေနပ်ပါတယ်။ နောက် သက်မွန် တစ်ခုစဉ်းစားမိတာက ကိုယ့်ရဲ့ ပရိသတ်သာ ခုလို အကယ်ဒမီကို Like လုပ် ခွင့်ရှိခဲ့မယ်ဆိုရင် ဒီနှစ်အကယ်ဒမီ ဆုက သက်မွန် ဆွတ်ခူးနိုင်မယ်လို့ တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီဆုမရခဲ့တဲ့အတွက်တော့ သက်မွန် ဝမ်းမနည်းပါဘူး။ အားမငယ်ပါဘူး။ သက်မွန်ကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေလည်း အားမငယ်စေရပါဘူး။ နောက်နှစ်တွေမှာ သက်မွန်ကို ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ဆက်ပြီး ကြိုးစားသွားပါ့မယ်လို့ ကတိ ပေးပါတယ်။
by- .yoyarlay.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...