ဧဒင်အချစ်ပုံပြင်: အာဒမ် ဧ၀ ဒဿ(၂) ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ ဒါရိုက်တာဝိုင်း

Saturday 16 February 2013

အာဒမ် ဧ၀ ဒဿ(၂) ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ ဒါရိုက်တာဝိုင်း


အာဒမ် ဧ၀ ဒဿ(၂) ရိုက်ကူးဖို့ ကြိုးပမ်းနေတဲ့ ဒါရိုက်တာဝိုင်း

RND 16-2-2013
အောင်မြင်ခဲ့သော 'အာဒမ် ဧ၀ ဒဿ' ရုပ်ရှင်ဇာတ်ကားကို အသွင်သစ်ဖြင့် ထပ်မံရိုက်ကူးရန် စီစဉ်နေပြီး ဇာတ်လမ်းနှင့် သရုပ်ဆောင်စာရင်းကို မထုတ်ပြန်လိုသေးကြောင်း ဒါရိုက်တာဝိုင်းကပြောသည်။ 'အာဒမ် ဧ၀ ဒဿ ၂' အမည်ဖြင့် ရိုက်ကူးရန် ထုတ်လုပ်ရေးတိုက်ဖြင့် ညှိနှိုင်းနေပြီး ဇာတ်ကားအမည် အသုံးပြုရေးအတွက် အဓိက ညှိနှိုင်းနေရခြင်းဖြစ်ကြောင်း သိရသည်။
" ထုတ်လုပ်ရေးက ဒီနာမည် မပေးချင်ဘူး။ ကျွန်တော်က ပေးချင်တယ်။ အခု ထုတ်လုပ်ရေးက ရှေ့မှာလည်း အောင်မြင်ပြီးသား ကားတစ်ကားရှိနေလို့ နာမည်အသစ် ပေးချင်တာ" ဟု ဒါရိုက်တာဝိုင်းကပြောသည်။ ယခင်ဇာတ်ကားမှာ Heart & Soul ထုတ်လုပ်ရေးမှ ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့ဖြင့် ရိုက်ကူးခဲ့ပြီး အောင်မြင်ခဲ့သော ရုပ်ရှင်ဇာတ်ကားလည်းဖြစ်သည်။
 "သရုပ်ဆောင်တွေက ဒီသရုပ်ဆောင်တွေ ပြန်ပါချင်လည်း ပြန်ပါမယ်။ မပါချင်လည်း မပါနိုင်ဘူး။ ဘယ်သူတွေလို့ မပြောနိုင်သေးတာ" ဟု ၀ိုင်းကပြောသည်။ လတ်တလောတွင် ပြည်ပမှ ဇာတ်ကားတစ်ကားကို မှီငြမ်းရိုက်ကူးထားသည့် ရုံတင်ရန် စောင့်ဆိုင်းနေသော မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကားနှင့် ၎င်းရိုက်ကူးထားသော ဗီဒီယိုဇာတ်ကားတို့ တူနေသည့်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နှစ်ဦးနှစ်ဖက်ကို ခေါ်ယူညှိနှိုင်းပေးထားကြောင်း သတင်းရရှိသည်။ 
ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် ဗီဒီယိုဇာတ်ကားသာ ကြိုတင်ထွက်ရှိသွားပါက ရုံတင်ရန် စောင့်နေသည့် ရုပ်ရှင်ဇာတ်ကားအတွက် နစ်နာမှုများ ရှိနိုင်သည်ဟု ရုပ်ရှင်ထုတ်လုပ်သူဘက်က တိုင်ကြားမှုအပေါ် ဒါရိုက်တာဝိုင်းက "ဗီဒီယို တောက်လျှောက်ရိုက်ဖို့ဆိုတာ လက်ရှိထွက်နေတဲ့ ၀တ္ထုတွေနဲ့ပဲ အားကိုးနေလို့ မရဘူးလေ။ ဒါကြောင့် ကော်ပီကို လုပ်နေရတာ။ 
ရုပ်ရှင်ကားကြီးရိုက်တဲ့ သူကတော့ ပြန်ရတဲ့ အကျိုးအမြတ်နဲ့ဆို ကော်ပီကို မရိုက်သင့်တာ။ သူလည်း ဘာမူပိုင်ခွင့်မှမယူ။ ကိုယ်လည်းမယူထားဘူး" ဟု ၀ိုင်းကပြောသည်။ ၂၀၁၂ ခုနှစ်အတွင်း လူမှုရေးနှင့် အခြားလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ခဲ့ခြင်းကြောင့် ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုဘက်တွင် လစ်ဟင်းခဲ့ပြီး ယခုနှစ်တွင် အနုပညာလုပ်ငန်းများကိုသာ ပိုမိုလုပ်ဆောင်သွားမည်ဟု ၀ိုင်းကပြောသည်။


ရေးသားသူ - အေးသူစံ
RND 16-2-20137DayNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...