ဧဒင်အချစ်ပုံပြင်: "အကယ်ဒမီ မေဝင်းမောင်တို့မိသားစု မြန်မာပြည်သို့အလည်တစ် ခေါက်ပြန်လာမည် "

Tuesday 21 May 2013

"အကယ်ဒမီ မေဝင်းမောင်တို့မိသားစု မြန်မာပြည်သို့အလည်တစ် ခေါက်ပြန်လာမည် "

Photo: "အကယ်ဒမီ မေဝင်းမောင်တို့မိသားစု မြန်မာပြည်သို့အလည်တစ် ခေါက်ပြန်လာမည် "

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့ 

တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့
သူဖြစ်တဲ့ သရုပ်ဆောင် မေဝင်းမောင်က အခုလက်ရှိမှာတော့ အမေရိကန်
နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ် မြို့မှာ မိသားစုနဲ့အတူ အခြေချနေထိုင်နေပါတယ်။သိပ်မကြာမီကာလအတွင်းမှာ အကယ်ဒမီမေ ဝင်း မောင်က မိသားစုနဲ့အတူ မြန်မာနိုင်ငံကို အလည်လာရောက်မှာဖြစ်
တယ်လို့သိရပါတယ်။

ခင်ပွန်း ဖြစ်သူရဲ့မိခင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့် ဆွမ်းကျွေးအလှူအတွက်
မြန်မာနိုင်ငံကို ပြန်လာ မှာဖြစ်ပြီးသုံးပတ်ကြာနေထိုင်သွားမယ်လို့ သိရ
ပါတယ်။ အနုပညာလောကနဲ့ကင်းဝေးနေပေမယ့်လည်း နိုင်ငံခြားမှာ
တေးသံရှင်ဇယံဓရဲ့ ‘နတ်သမီး’ သီချင်းခွေ ထဲက’ကြားရင် အကြောင်း ပြန်’ သီချင်းကို ဇယံဓနဲ့အတူ တွဲဖက်သီဆို သရုပ်ဆောင်ထားပြီး ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ဖန်တီးရိုက်ကူးပြီး အနုပညာပုံဖော်ထားတယ်လို့ သိရှိရ
ပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...