ဧဒင်အချစ်ပုံပြင်: ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

Sunday, 21 April 2013

ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

Photo: ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို
သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

၂၂.၄.၂၀၁၃၊ တနင်္လာနေ့

ကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ
အုပ်စုတွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက သဘာဝ
အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း
သိရသည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါဘူး၊

အထဲကို မီးတုတ်တွေနဲ့ဝင်သွားရင်မီးတုတ်ငြိမ်း တယ်၊ဘတ္ထရီ၊လျှပ်စစ်မီးတွေနဲ့
ဝင်သွားရင်လည်းမီးတွေငြိမ်းသွားပါတယ်။ နောက်ပိုင်းမှာတော့လူတွေ
ဝင်ထွက်သွားလာမှုတွေရှိခဲ့ပြီးနိုင်ငံခြားသားတွေပါလာရောက်လေ့လာ
ခဲ့ကြပါတယ်။

ထူးဆန်းတဲ့အရာတွေကတော့လူ့အသုံးအဆောင်ပစ္စည်း
တွေက ကျောက်ဂူနံရံတွေပေါ်မှာတင်နေကပ်နေသလိုဖြစ်နေပြီး
လူတွေကသွားထိလိုက်တာနဲ့နေရာရွေ့သွားပြီးမူလနေရာကိုပြန်တင်လို့
မရတော့ဘဲပစ္စည်းတွေပါပျောက်သွားတဲ့အတွက်အခုနောက်ပိုင်းမှာ
ဆိုရင် ကျွန်းတလားသစ်ခေါင်းလိုပုံစံမျိုးတွေပဲတွေ့ရပါတော့တယ်”ဟု
ဒေသခံပြည်သူ တချို့ကပြောကြားပါတယ်။

အဲဒီကယားပြည်နယ်မှာရှိတဲ့ ကျတ်ဂူဟာ မိုင်မည်မျှရှည်လျားပြီးမည် သည့်အရပ်ဒေသတွင်ခရီးဆုံးသည် ဆိုတာကို ယခုလက်ရှိအချိန် အထိ ဘယ်သူမှအတိအကျမပြောနိုင်သေးကြောင်း သတင်းရရှိပါသည်။

Skynet Newsကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ

Skynet News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...